top of page
မယ့်လက်ရာ - ရှုးရှဲရခိုင်သုတ်အနှစ်

🙆🏻‍♀️မိုးဆွေတဲ့ ညနေခင်းအတွက် အရသာကောင်းတဲ့ အာပူလျှာပူတစ်ခွက်

မိုးအေးအေးလေးမှာ အာပူလျှာပူလေး ချက်စားမယ့် အိမ်ရှင်မတို့အတွက် ဘာတွေ လိုအပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်

အရသာပြည့်စုံတဲ့ အာပူလျှာပူလေးတစ်ခွက်အတွက်ကတော့

📍 မယ့်လက်ရာ ရခိုင်ငရုတ်အနှစ်

📍 ငါး

📍 မုန့်ဖက်

📍ကြက်သွန်ဖြူ

📍နံနံပင်

📍အခြား ထည့်သွင်းစားလိုသော အဆာပလာ

✔️ ဦးစွာအနေနဲ့ မိမိအလိုရှိသလောက် ဟင်းရည်ပြုလုပ်နိုင်ဖို့ ရေနွေးတည်ပါ

တည်ထားတဲ့ ရေနွေးထဲသို့ မယ့်လက်ရာ ရခိုင်ငရုတ်အနှစ်ကို ထည့်ပါ

ပြီးပါက ပြုတ်ထားသော ငါးကိုလည်း အချိုအရသာ အနည်းငယ်ကဲစေဖို့ ထည့်ပေးပါ

ပွက်ပွက်ဆူလာပါက ကြက်သွန်နီကို ဓားပြားရိုက်ပြီး ထည့်ပေးပါ

ထို့နောက် တည်ထားသော ဟင်းရည်အိုး

ကျက်ပါက အရသာမြည်းကာ အသင့်ပြင်ထားသော မုန့်ဖက် ၊ အဆာပလာတို့ကို ထည့်သွင်းပြီး သုံးဆောင်နိုင်ပါပြီ

🌶️ ငြုပ်သီးစိမ်းလည်း ပါပြီးသားမို့ ငြုပ်သီးလှော် ထုထောင်းရတဲ့ ဒုက္ခတွေလည်း မရှိ တော့ ဘူး ပေါ့ ချစ်တို့ ရေ

🥘 ငါးရွှေ နှင့် ချက်ထားတာကြောင့် ဟင်းရည် အချိုဓါတ်က ပြောစရာကို မလိုအောင်

မွှေးချို နေမှာပါ

🧑‍🍳 ဟင်းရည်ကို ငါးအနှစ်လေး ပျော်အောင် ပျစ်ပျစ်လေး ချက်ပြီး မုန့်ဖတ် နှင့် တွဲဖက်သုံးဆောင်ပါက မုန့်ဖတ် ရခိုင်သုပ်လေး ရရှိ မှာ ဖြစ်ပါတယ်

ရေ နဲနဲ နဲ့ ငါးအနှစ်လေး ပွ အောင်တည် ပျစ်ပျစ်လေး ဖြစ် ရင် မုန့်ဖတ် လေး နဲ့ နယ် လိုက် မုန့်ဖတ် ရခိုင်သုပ်လေး ရပြန်ရော …. 😜

မယ့်လက်ရာ - ရှုးရှဲရခိုင်သုတ်အနှစ်

AU$5.00Price
Quantity
Out of Stock

    Related Products

    bottom of page